ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်ဆီဂျင်စက်၀ယ်ယူရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ၀ယ်ယူရန် အလှူငွေများလှူဒါန်း

ပင်လောင်း သြဂုတ်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက်၀ယ်ယူရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် အလှူငွေများကို ဩဂုတ် ၂ ရက် မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

 

ပင်လောင်းမြို့အနောက်ရပ်ကွက် ဒေါ်စန်းမြမိသားစုမှ ငွေကျပ် ၁၅၀၀၀၀၊ အနောက်ရပ်ကွက် ဒေါ်နန်းပြုံးယဉ်မွန်သန့်မှ ငွေကျပ် ၅၀၀၀၀၊ အနောက်ရပ်ကွက် ဒေါ်အမာကြည်မိသားစုမှ ငွေကျပ် တစ်သိန်း၊ အ..က() ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလှမှ  ငွေကျပ် ၅၀၀၀၀၊ ဦးစိန်အောင် + ဒေါ်လှလှ၀င်းမိသားစုမှ ဆေးပဒေသာပင်အတွက် ငွေကျပ် နှစ်သိန်း၊ ကာကွယ်ရေးပစ္စည်းများ ၀ယ်ယူရန်အတွက် ငွေကျပ် နှစ်သိန်း၊ ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဦးခွန်သိန်းမြင့် မိသားစု ငွေကျပ် ငါးသိန်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

FB_IMG_1627898122577