ပင်လောင်း  သြဂုတ်

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက် ၀ယ်ယူရန်နှင့် ကာကွယ်ရေးသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် အလှူငွေများကို ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

 

ပင်လောင်းမြို့ ဗန်းမောက် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးကျော်စွာအောင် မိသားစုက ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အရှေ့ရပ်ကွက် ဒေါ်နန်းအောင် (မယ်ဆိုင်၀က်ခေါက်) မိသားစုမှ ငွေကျပ် ၅၀၀၀၀၊ ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် (ဦးစိုင်းကောင်ခမ်း) +  ဒေါ်နန်းမြစိန် မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့နယ် မင်္ဂလာကွက်သစ်ရပ်ကွက် ဦးအုံးတင် +  ဒေါ်အေးရင် မိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ အနောက်ရပ်ကွက် ဒေါ်သိန်းချုံမိသားစုမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ စျေးတန်းရပ်ကွက် ဒေါ်ကျင်တီမိသားစုမှ ငွေကျပ် တစ်သိန်း၊ အရှေ့ရပ်ကွက် ကွယ်လွန်းသူ ဦးစိုင်းပန်မှိုင်းအား ရည်စူး၍ မိသားစုမှ ငွေကျပ်တစ်သိန်းတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

 

mdn