နေပြည်တော် ဩဂုတ် ၃၀

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာထားသည့် ဩဂုတ် ၂၃ ရက်မှ ၃၁ ရက်အတွင်း၌လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်၊ မြဝတီ ကုန်သွယ် ရေးစခန်း လေးခုတို့မှတင်သွင်းရာ၌ကုမ္ပဏီ ၁၂ ခုမှ ယာဉ်စီးရေ ၁၉ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် ၃၉ တန်၊ အောက်ဆီဂျင်(အရည်)အိုးဖြင့် သုည ဒသမ ၂၅ တန်၊ အောက်ဆီဂျင် (အရည်) Storage Container နှစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၁၈၀၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၂၁၅ ခု၊ Test Kit ၂၅၀၀၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၄၂၀၀နှင့် နှာခေါင်းစည်း ၁၆တန်တင်သွင်းခဲ့သည်။

အောက်ဆီဂျင်အရည် (Bowser) ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့တစ်စီးနှင့် မော်လမြိုင်မြို့ သို့တစ်စီး ဖြစ်ကြောင်း သိရသည်။

စီစဉ်ဆောင်ရွက်ပေးထား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့် ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် www. commerce.gov.mmတွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်