နေပြည်တော် နိုဝင်ဘာ ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မြဝတီ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးကုန်သွယ်ရေး စခန်း (၃) ခုတို့မှ တင်သွင်းရာ ကုမ္ပဏီ (၄)ခုမှ ယာဉ်စီးရေ (၈) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁) စီးဖြင့် တန် (၂၀) ၊ အောက်ဆီဂျင် Plant (၆) ခုနှင့် နှာခေါင်းစည်း Mask (၂၇) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ် (၁)စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး အောက်ဆီဂျင် Plant (၆) ခုမှာ ရေစကြိုမြို့၊ မြိုသစ်မြို့တို့သို့ (၂) ခုစီနှင့် မြစ်ကြီးနားမြို့၊ ရေနံချောင်းမြို့တို့သို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ (၁) ရက်မှ (၁၃) ရက်အတွင်း ကုမ္ပဏီ (၃၇)ခုမှ ယာဉ်စီးရေ(၇၀)ဖြင့် အောက်ဆီ ဂျင်အရည်(Bowser)ယာဉ်ဖြင့်(၁၅၅)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (Bowser) ယာဉ်ဖြင့် (၆) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၆၃၆၀)၊ OxygenPlant(၁၃)ခု၊ လုပ်ငန်းသုံးအောက်ဆီဂျင်စက် (၁၅) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၂၃) ခု၊ PPE ဝတ်စုံ (၈၃၄၀၀) ၊ လက်အိတ် (၃၇) တန်နှင့် နှာခေါင်းစီး (Mask)(၃၉၈)တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ (၁) ရက်မှ (၁၃)ရက် အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် စုစုပေါင်း(၈)စီးမှာ ရန်ကုန်မြို့သို့ (၅)စီး၊ မော်လမြိုင်မြို့သို့ (၂)စီးနှင့် နေပြည်တော် သို့ (၁)စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၁၃) ခုမှာ ရန်ကုန်မြိုသို့ (၆) ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့ တို့သို့ (၂)ခုစီနှင့် ဓနုဖြူမြို့၊ မြစ်ကြီးနားမြို့၊ ရေနံချောင်းမြို့တို့သို့ (၁) ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
(သတင်းစဉ်)


