နေပြည်တော် နိုဝင်ဘာ ၂၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှနှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီစီစဉ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ် ရေးစခန်း (၂) ခုတို့မှ တင်သွင်းရာကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၄) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၁) စီးဖြင့် (၁၃) တန်နှင့် နှာခေါင်းစည်း Mask (၂၁) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၁)စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ (၁) ရက် မှ (၂၀) ရက်အတွင်း ကုမ္ပဏီ (၅၀) မှ ယာဉ်စီးရေ (၉၇) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၂၄၈) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့် (၆) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၈၀၂၈) ခု၊ OxygenPlant (၂၈) ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (၁၅) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၁၂၃) ခု၊ PPE ဝတ်စုံ (၈၃၈၄၀) စုံ၊ လက်အိတ် (၃၇) တန်နှင့် နှာခေါင်းစီး (Mask) (၅၃၇) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
နိုဝင်ဘာ (၁) ရက်မှ (၂၀)ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်စုစုပေါင်း (၁၂) စီးမှာ ရန်ကုန်မြို့သို့ (၉) စီး၊ မော်လမြိုင်မြို့သို့ (၂) စီးနှင့် နေပြည်တော်သို့ (၁) စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၂၈) ခုမှာ ရန်ကုန်မြိုသို့ (၂၀) ၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီးနားမြို့တို့သို့ (၂)ခုစီနှင့် ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့ (၁) ခုစီဖြစ်ကြောင်း သိရသည်။ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)