နေပြည်တော် နိုဝင်ဘာ ၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂) ခုမှ ယာဉ်စီးရေ (၂) စီးဖြင့် ၊ အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser (၁) စီးဖြင့်(၅) တန်၊ လုပ်ငန်းသုံး Oxygen Generator (၃) ခုနှင့် နှာခေါင်းစည်း (Mask) (၇) တန်တို့ကို တင်သွင်းခဲ့ပြီး Oxygen Bowser ယာဉ်(၁) စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ မော်လမြိုင်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့် ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)


