နေပြည်တော် ဒီဇင်ဘာ ၁၈
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီ (၄) ခုမှယာဉ် စီးရေ (၈)စီးဖြင့် နှာခေါင်းစည်း Mask (၅၆)တန် တင်သွင်းခဲ့သည်။
ဒီဇင်ဘာ (၁) ရက်မှ (၁၈) ရက်အတွင်း ကုမ္ပဏီ (၆၄) ခုမှယာဉ်စီးရေ (၁၅၉) စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် (၂၄၅) တန်၊ အောက်ဆီဂျင် (အိုးခွံ) (၁၂၈၂၆) ခု၊ Oxygen Plant(၁) ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) (၅၁၄) ခု Covid Test Kit (၁၉၅၇) ခု၊ PPE ဝတ်စုံ (၁၅၂၈၀) ၊ လက်အိတ် (၂၆) တန် နှင့် နှာခေါင်းစည်း (Mask) (၉၀၈) တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဒီဇင်ဘာ (၁) ရက်မှ (၁၈) ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်စုစုပေါင်း(၁၃)စီးမှာ ရန်ကုန်မြို့သို့ (၁၀) စီး၊ မန္တလေးမြို့သို့ (၂) စီးနှင့် မုံရွာမြို့သို့ (၁) စီးဖြစ်ပြီး၊ Oxygen Plant (၁) ခုမှာ မန္တလေးမြိုသို့ ဖြစ်ကြောင်းသိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)