နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များအား ပြည်သူများ ပြန်လည်သတိပြုမိစေရေးအတွက် ဒီဇင်ဘာ ၁၃ ရက် ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အချပ်ပို(၈)မျက်နှာဖြင့် ဖော်ပြသွားမည်ဖြစ်သည်။
ယင်းအချပ်ပိုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အသိပေးကြေညာချက်များ၊ နှိုးဆော်ချက်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ၊ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၊ ဥပဒေများကို လိုက်နာရန် အသိပေးကြေညာချက်၊ ပြည်ပပြန်များနှင့် စပ်လျဉ်း၍ အသိပေးကြေညာချက်၊ ကိုဗစ်-၁၉ ကာလတွင် စိတ်ဖိစီးမှုများကို ကျော်လွှားနိုင်ရေး အသိပေးနှိုးဆော်ခြင်း၊ ရုံး/ဌာနများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် သတိပေးပြောကြားရမည့် အချက်များ၊ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ကိုဗစ်-၁၉ ကုသရန် သွေးရည်ကြည် အလှူရှင်များ ဖိတ်ခေါ်ခြင်း စသည်တို့အပြင် ပြည်သူများ နေ့စဉ် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများကိုလည်း ထည့်သွင်းဖော်ပြထားသည်။
သတင်းစဉ်


