စစ်ကိုင်း ၃ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး စပ်ဆက်ပစ္စည်းများအား ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရှိ ပရဟိတအဖွဲ့များသို့ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီအချိန်က စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီ ရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ထောက်ပံ့ပေးအပ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆက်စပ် ပစ္စည်းတွေကို ပြန်လည်ဖြန့်ဝေပေးတာပါ။ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ နှာခေါင်းစည်း အခု (၃၀၀၀)၊ မျက်မှန် အခု(၂၀)၊ (N 95) နှာခေါင်းစည်း(၁၆) ခု၊ PPE လက်အိတ်(၁၅)ခု၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှာ နှာခေါင်းစည်း အခု (၃၀၀၀)၊ မျက်မှန်(၁၅)၊ (N95) နှာခေါင်းစည်း (၁၆) ခု၊ PPE လက်အိတ်(၁၇)ခု၊ ကိုဗစ်-၁၉ သယ်ယူပို့ဆောင်ရေးအဖွဲ့မှာတော့ နှာခေါင်းစည်း အခု (၃၀၀၀)၊ မျက်မှန်(၁၅)၊ (N 95)နှာခေါင်းစည်း (၁၅) ခု၊ PPE လက်အိတ် (၁၈)ခု၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း အခု (၆၀၀၀)၊ လက်အိတ် အခု(၅၀) တို့ကို ပြန်လည်ထောက်ပံ့ဖြန့်ဝေပေးခဲ့ပါတယ်”ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်စိုးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး Coronavirus Disease 2019 (COVID -19) မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး စပ်ဆက်ပစ္စည်းများအား စစ်ကိုင်းခရိုင်အနေဖြင့် ကျန်ရှိနေသည့် မြင်းမူ မြို့နယ်နှင့် မြောင်မြို့နယ်များသို့လည်း ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ခရိုင် ပြန်/ဆက်)