မိုးနဲ ၄ မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြုရန်အတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ လင်း‌ခေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် လင်းခေးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့က ယနေ့ မွန်းလွဲ ၂ နာရီတွင် မိုးနဲပြည်သူ့ဆေးရုံသို့ Patient Monitor စက်တစ်လုံး ပေးအပ်လှူဒါန်းရာ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကုသရေးဦးစီးဌာနမှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

အဆိုပါ Patient Monitor စက်အား လမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကာယ၊ ဉာဏဝန်ထမ်းများကစုပေါင်း၍ မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါကုသရေး လုပ်ငန်းတွင် အသုံးပြုရန် စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်‌ကြောင်း မိုးနဲမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)