မန္တလေး ၁၃ စက်တင်ဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ပြင်ဦးလွင် မြို့ဝင်/မြို့ထွက်ဂိတ်များတွင် ပရဟိတအဖွဲ့များမှ Mask များဝေငှခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ XRay ဂိတ်၊ မြို့ရှောင်လမ်းခွဲ၊ ပြည်ချစ်ဘုရားစစ်ဆေးဂိတ်တို့တွင် Mask များကို အခုလ ၁၁ ရက်က စတင်ဝေငှမှုများ ပြုလုပ်နေကြောင်း သိရသည်။
"Mask မပါတဲ့သူမှန်သမျှကို ဝေငှတယ်၊ မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေ၊ မြင်းခြံ၊ ရန်ကုန်ဘက်က လာတဲ့သူကို အဓိကားထားပြီး ဆောင်ရွက်တယ်"ဟု သန္တိသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးဇင်မင်းထွန်း က ပြောသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကူးစက်မှု လျော့ပါးပပျောက်ရေးအတွက် ပြင်ဦးလွင် မြို့မိမြို့ဖ အထောက်အကူပြုအဖွဲ့၊ ပြင်ဦးလွင် နာရေးကူညီမှုအခမဲ့အသင်း၊ အမျိုးသမီးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ တပ်မတော်နည်းပညာတက္ကသိုလ်မှ တာဝန်ကျတပ်ဖွဲ့များ၊ ပရဟိတအသင်းများ၊ မေမြို့ချစ်သူများ ကွန်ရက် စသည့်အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
မေသက်ထား
