ဂန့်ဂေါ  ၂၃  ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ပေါ်ရှိ ဘဏ်များတွင် ယနေ့ ညနေ ၅ နာရီက ပိုးသတ်ဆေးပက်ဖျန်းခဲ့သည်။

 

ထိုသို့ ပိုးသတ်ဆေးဖျန်းခြင်းကို သင်္ကြန်ရုံးပိတ်ရက်ကာလက တစ်ကြိမ်၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး (၂)ကြိမ် ပက်ဖျန်းပေးကြခြင်း ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းခြင်းဆောင်ရွက်တာ (၃)ကြိမ် ဆောင်ရွက်ထားပြီးပြီ၊ ယခုလို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကာလတွင် ပိုးသတ်ဆေးဖျန်းပေးတာဆိုတော့ ကျေးဇူးတင်ပါကြောင်း ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်စုစုမော်က ပြောသည်။


 
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်၊ CB ဘဏ်၊ KBZ ဘဏ်၊ FPB ဘဏ် စသည့် ဘဏ်များသို့ လှည့်လည်ပက်ဖျန်းခဲ့ပြီး အမှတ်(၅၀) ခြေလျင်တပ်ရင်းဌာနချုပ်မှ တပ်မတော်သားများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ ပရဟိတ လုပ်ကိုင်ဆောင်ရွက်နေသူ ဦးအောင်စိုးမင်းနှင့် အဖွဲ့ဝင် ၃ ဦး၊ ပိုးသတ်ဆေးအလှူရှင် ဦးသန်းဝင်းနှင့်အဖွဲ့က ပက်ဖျန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထင်အောင်နိုင်(ပြန်ဆက်)