လွိုင်ကော် နိုဝင်ဘာ ၂၁

လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများတွင် မြန်မာ၊ ကယားနှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့က နေ့စဉ် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော်မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ အသိပေးပန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်တို့ကို နှိုးဆော်သည်။

ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ ဇွန် ၂၉ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်းမှာ ၅၆၇၄ ဦးရှိပြီး နိုဝင်ဘာ ၂၀ ရက် သေဆုံးသူ နှစ်ဦးရှိကာ စုစုပေါင်း သေဆုံးလူနာ ၂၂၄ ဦးရှိကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)