ဆင်ပေါင်ဝဲ ၂၅ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်ကို ယနေ့ နံနက် ၁၁ နာရီက ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနနှင့် မြန်မာ့စီးပွားရေးဘဏ် တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝါသနာရှင်များ နေ့စဉ် သုတ/ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ဒေသခံပြည်သူများ ဝင်ထွက်သွားလာမှုများပြားခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရည်ရွယ်၍ စာကြည့်တိုက်အတွင်းရှိ စာဖတ်ခန်း၊ ရုံးသုံးပရိဘောဂများ၊ ဝန်ထမ်းများ၏ ရုံးခန်းနှင့် ရုံးတွင်းရုံးပြင်တို့အား ပိုးသတ်ဆေးဖျန်းခြင်းနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းကို နှစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


