မယ်စဲ့ ၂၁ မေ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဒေသဖွံ့ဖြိးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများက လုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊ နားချိန်၊ ထမင်းစားချိန်တို့တွင် လူစုလူဝေး မဖြစ်ပွားစေရေး တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် နေထိုင်ကြရန် အသိပညာပေး ပြောကြားပြီး ကျန်းမာရေး ဝန်ထမ်းများက အလုပ်သမားများအား ကိုယ်အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)