ပွင့်ဖြူ ၂၁ ဧပြီ
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့၊ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီစောင့်ရှောက်ရေးအဖွဲ့ချုပ်မှ ပရဟိတအသင်းသားများက ပိုးသတ်ဆေးများ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နဂါးကျစ်ဘိုးဘွားရိပ်သာအတွင်း လူဝင်လူထွက်များသည့် ဝင်ပေါက်၊ ထွက်ပေါက်များ၊ ရိပ်သာ ခန်းမဆောင်ကြမ်းပြင်နှင့် စားပွဲများ၊ ကုလားထိုင်များ၊ အဘိုးအဘွားများနေထိုင်သည့် အခန်းများ၊ နားနေဆောင်များ၊ ရိပ်သာအဝင်လမ်းနှင့် ခြံဝန်းတံခါးများမကျန် ပိုးသတ်ဆေးများ စုပေါင်းပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နဂါးကျစ်ဘိုးဘွားရိပ်သာတွင် အဘိုးအဘွား စုစုပေါင်း ၂၁ ဦး နေထိုင်လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)