တောင်တွင်းကြီး၊ ၁  ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၌  ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက ကိုသိန်းထိုက်၊ မမိုးမိုး(ရှမ်းကုန်ရောင်းဝယ်ရေး)မိသားစုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နှာခေါင်းစည်း(Mask) အခု ၂၅၀၀၊ Face shield အခု ၉၀ တို့ကို အလှူရှင် ကိုသိန်းထိုက်က ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါပစ္စည်းများအား ပရဟိတအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ပြည်သူများလက်ဝယ်အရောက် ထပ်ဆင့်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)