ကျိုင်းတုံ ၉ ဧပြီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေများပေးအပ်ပွဲကို ဧပြီ ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။

 

‌ေ

 

လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် လိုအပ်သည်များ အသုံးပြုနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ငွေကျပ် သိန်း ၅၀၊ တွဲဖက်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှူး ဦးကျော်ရွှေက ငွေကျပ် ၁၀ သိန်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းများဆောင်ရွက်နိုင်ရေး ရန်ပုံငွေလက်ခံရေးနှင့် ကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ ဦးရဲနိုင်ထံ ပေးအပ်လှူဒါန်းသည်။

 

‌ေ

 

ထို့အတူ ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် ရန်ပုံငွေရှာဖွေရေးအဖွဲ့က Infrared Thermometer၊ Hand Gel၊ Mask၊ Glove များကို ကျေးလက်ကျန်းမာရေးဌာနခွဲများမှ တာဝန်ခံဆရာ၊ ဆရာမများထံ အပ်လှူဒါန်းခဲ့ပြီး ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက အလှူငွေကျပ် ၁၀ သိန်းကို ဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)