မိုးမိတ် ၁၀ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမျိုးကိုကိုနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဇွန် ၁၀ ရက် နံနက် ၉ နာရီတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကန့်သတ်စောင့်ကြည့်ရေးစင်တာ ထားရှိခဲ့သည့် မိုးမိတ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို သွားရောက်ဆောင်ရွက်ခဲ့ ကြသည်။
မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ယခုကာလကဲ့သို့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး၊ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို အရှန်အဟုန်မြှင့် ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် ကန့်သတ်စောင့်ကြည့်ရေး စင်တာအဖြစ် ထားရှိခဲ့သည့် အ.ထ.က(၁) ကျောင်းအတွင်းရှိ အဆောင်များ၊ စာရေးခုံများ၊ တံခါးလက်ကိုင်များ၊ အိမ်သာများနှင့် ကျောင်းဝန်းအတွင်းရှိ အသွားအလာကန့်သတ်ထားသည့် နေရာများကို ခရိုင်နှင့်မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)


