လှိုင်းဘွဲ   ၁    မေ 

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် World Vision(ANCP) အဖွဲ့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လိုအပ်သော အထောက်အကူပြု ဆေးရုံသုံး ပစ္စည်းများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက် လှူဒါန်းခဲ့သည်။

 

0028

 

လှူဒါန်းမှုအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန်နှင့်ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် World Vision မှ PPE ဝတ်စုံ၊ နှာခေါင်းစည်း၊ ခေါင်းစွပ်၊ လက်အိတ်၊ ဖိနပ် (၅)မျိုးပါ အစုံ(၂၀ဝ)နှင့် Mask(၂၀ဝ)၊  N-95 Mask(၂၀ဝ)၊ လက်အိတ်(၂၀ဝ)၊ Hand Gel(၅၀)ဗူး တို့ကို လာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)