ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်များ  ဆောင်ရွက်ရန်အတွက် အလှုငွေနှင့်ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိ

မြင်းမူ ၁  ဧပြီ

COVID-19ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် စစ်ကိုင်းခရိုင် မြင်းမူမြို့ရှိ COVID-19 ရောဂါကာကွယ်ရေးရန်ပုံငွေရှာဖွေရေးကော်မတီအဖွဲ့သို့ အလှူငွေနှင့် ဆက်စပ်ဆေးပစ္စည်းများကို ယနေ့ နံနက်ပိုင်းကလာရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ယနေ့လာရောက်လှူဒါန်းရာတွင် ထီးဆောင်းကျေးရွာ ရွှေရတုတိပိဋက မျက်စိဆေးရုံမှ အလှူငွေကျပ်(၁၀)သိန်းအပါအဝင်အလှူရှင်များကငွေ(၄၃၀၆၀ဝ၀)ကျပ် စုစုပေါင်းငွေ (၄၁၃၀ဝ၀ဝ) ကျပ်အား ရန်ပုံငွေရှာဖွေရေးအဖွဲ့များထံသို့လည်းကောင်း ဆေးရုံသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ(၁၅၀) ၊အပူချိန်တိုင်းသာမိုမီတာ(၉)ခု၊ mask(၈၀ဝ)၊  မှန်ကြည်ကာ mask(၁၀ဝ၀)နှင့်ကာဘော်လစ်ဆပ်ပြာ(၁၀)ဖာတို့အားသက်ဆိုင်ရာတာဝန်ရှိသူများထံပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)