ကန့်ဘလူ ၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပကြောင်း သိရသည်။
ထိုသို့ အလှူငွေပေးအပ်ရာတွင် ကန့်ဘလူမြို့နယ် ပညာရေးဝန်ထမ်းမိသားစုများ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ၁၀ သိန်းကို ပညာရေးမိသားစုကိုယ်စား အလယ်တန်းပြဆရာ ဦးမြင့်စိုးနှင့် ဆရာ ဆရာမများက ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်က လက်ခံရယူခဲ့သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)