ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ လှူဒါန်း

မန္တလေး မေ

 

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများအား ယနေ့ နံနက် ၁၁ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့ အလှူရှင်များမှ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါလှူဒါန်းမှုတွင် အလှူရှင် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် ဆေးရုံသုံး Surgical Mask ၁၀၀၀၀ ခု၊ N-95 Mask ၂၀၀၀ ခု၊ အပူချိန်တိုင်းကိရိယာ ၁၀၀၀ ခု၊ Hand Sanitizing Gel ၄၈၀ ဘူးနှင့် မန္တလေးမြို့ တရုတ်လုပ်ငန်းရှင်များအသင်းမှ အလှူငွေကျပ် သိန်း ၁၀၀ တို့ကို လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)