ရန်ကုန် ၁၇ အောက်တိုဘာ
အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့လက်ဆေးခြင်းနေ့ ရက်သတ္တပတ် အထိမ်းအမှတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးနှင့် Stay at Home ကာလတွင် လက်ဆေးခြင်းကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လက်ဆေးခြင်း ဓါတ်ပုံပြိုင်ပွဲကို မြန်မာဝိုင်အမ်စီအေက ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆု ဆုငွေကျပ် တစ်သိန်းကို မရီလေး၊ ဒုတိယဆု ငွေကျပ် ခုနစ်သောင်းကို ကိုမျိုးပိုင်၊ တတိယဆု ငွေကျပ်ငါးသောင်းကို ဦးဇေဇေဦးနှင့် People Choice Award အဖြစ် Like အများဆုံးရရှိသူများအဖြစ် ကိုဇင်မင်းထက်နှင့် ကိုသူရကျော်ကျော်တို့က ငွေကျပ်သုံးသောင်းစီ ရရှိကြသည်။
ထို့အပြင် မြန်မာဝိုင်အမ်စီအေသည် ဒလမြို့ပြစီမံကိန်းအဖြစ် Australian Aid ၏ ပံ့ပိုးမှုဖြင့် Habitat for Humanity Myanmar (HFHM) နှင့် ပူးပေါင်းလျက် ရပ်ရွာလူထု တစ်ကိုယ်ရည်သန့်ရှင်းရေး ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ အသိပညာ တိုးတက်ရေးနှင့် အမူအကျင့်များ ပြောင်းလဲစေရေးအတွက် ရေအိမ်များတည်ဆောက်ခြင်းနှင့် သန့်ရှင်းသောရေရရှိရေးတို့လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


