မိုင်းယောင်း ၂၅ ဧပြီ
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့ စီးပွားရေးဘဏ်တို့တွင် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)


