ကမမောင်း     ဇူလိုင်  ၃

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များရှိ အခြေခံပညာ စာသင်ကျောင်းများအား ဇူလိုင် ၃ ရက် နံနက်ပိုင်း၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စာသင်ခန်းများ အတွင်း၊ အပြင်နှင့် သန့်စင်ခန်းများကို ပိုးသတ်ဆေး ဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။

 

အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူက ဦးဆောင်ကြီးကြပ်၍ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ကမမောင်းမြို့ ကြက်ခြေနီ အဖွဲ့ခွဲငယ်မှ တပ်ဖွဲ့ဝင်များနှင့် ကမမောင်းမြို့ လူမှုကူညီရေး အသင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

လင်းသန့်

 

mdn