တပ်ကုန်း ၅ ဧပြီ
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စေတနာရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လှူဒါန်းသည့် ဆေးဖျန်းပုံးများနှင့် ဆေးဖျန်းစက်နှင့် ဆက်စပ်ပစ္စည်းများ ငှားရမ်းခြင်းကို ဧပြီ ၅ ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်လင်းထက်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြ၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းညွန့် မိသားစုမှ လှူဒါန်းသည့် ၁၇၅၀၀၀ ကျပ်တန်ဖိုးရှိ ရေးဖျန်းပုံး (၅)ပုံးအား လက်ခံခဲ့ပြီးနောက် ဆီဇာမိသားစုမှ လတ်တလောအသုံးပြုရန် ဆေးဖျန်းစက်နှင့် ဆက်စပ်ပစ္စည်းများကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)


