ကော့ကရိတ် ၁၈ မေ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ အသိပညာပေးဆောင်ရွက်ခြင်းကို ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များက လူစည်ကားရာနေရာများနှင့် ယာယီစျေးတွင် ပြည်သူများအား အပြင်ထွက်ခြင်း၊ ခရီးသွားလာခြင်း၊ လိုင်းကားများစီးရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်သွားလာရေးနှင့် Hand Gel များ ယူဆောင်သုံးပြုရေး၊ နှာခေါင်းစည်းအား ရေရှည်အသုံးပြုနိုင်ရေးအတွက် အဝတ်ပိတ်ဖြင့် ကိုယ်တိုင်ချုပ်လုပ်တပ်ဆင်ရေး၊ လူထူထပ်သောနေရာများသို့ သွားလာရှောင်ကြဉ်ရေးတို့ကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)