မြို့သစ်  ဇူလိုင်၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှု မရှိ စေရေးအတွက် ယမန်နေ့နံနက်ပိုင်းက စတင်ပြီး ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေး စစ်ဆေး ခြင်းကို မြို့ဝင်ဂိတ်တွင် ပြန်လည်ဆောင်ရွက်လျက်ရှိပြီး အခြားပြည်နယ်များမှ ပြန်လည်ရောက်ရှိသူများအတွက် နေထိုင်ရန် မြို့နယ်သ/မရုံးဟောင်းကို ပြန်လည်ကာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်နိုင်ငံရဲတပ်ဖွဲ့ ရဲမှူးနှင့် တပ်ဖွဲဝင်များစုပေါင်းကာ သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိပြီး ဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ (မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)ဦးကျော်ဝင်းထက်က ကြီးကြပ်ပြီး မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ဌာ နဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့တွင်း ဝင်ထွက်လျက်ရှိသော မော်တော်ယာဉ်များ၊ ခရီးသည်များကို ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းတို့ကို တာဝန်များခွဲကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆက်လက်၍ အခြားတိုင်းခြား၊ ပြည်နယ်ခြားနှင့် နိုင်ငံရပ်ခြားမှ ပြန်လာသူများကို သီခြားခွဲ ခြားထားရှိကာ နေထိုင်မှုအတွက်သာ စီမံဆောင်ရွက်ပေးပြီး စစ်ဆေးမှု ကုန်ကျစရိတ်များကို မိမိကိုယ်တိုင် ပေးဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော် (မြို့သစ်)

mdn