သထုံ ၁၉ မေ
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲပိုင်းက သထုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းစကား လက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့သည်။
သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စုအတွင်းရှိ ရှမ်းရွာ၊ နောင်ကုလားဘုရားလေးနှင့် နောင်ကုလားအလယ်ရွာတို့၌ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ ကာကွယ်စို့ ခေါင်းစဉ်ဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ခရိုင်ဦးစီးအရာရှိ နှင့် ဝန်ထမ်းများက ဒေသခံပြည်သူများထံ အခမဲ့ လိုက်လံဝေငှ ပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေ့စ်ဘုတ် စာမျက်နှာမှ ကောက်နုတ်ချက်၊ စနစ်တကျ လက်ဆေးနည်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး အဓိကသတင်းစကား (၁၀) ချက်၊ အနုပညာရှင်များ၏ အသိပေးစကားသံများ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ပညာပေးအချက်များ ပါဝင်ကြောင်း သိရသည်။
သက်ဦး(သထုံ)


