mdn

ရန်ကုန်  ဩဂုတ်  ၁၂

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)  ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၇ နာရီခွဲတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC (Myanmar Convention Center) ကိုဗစ်ကုသရေစင်တာ သို့သွားရောက်၍ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှုဖြင့် မြန်မာသီဟကုမ္ပဏီမှ တန်(၂၀) Liquid Oxygen Tank တပ်ဆင်ထားရှိရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။ 

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပန်းလှိုင်တံတား ချဉ်းကပ်လမ်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား)မှ တာဝန်ယူဆောင်ရွက်နေသည့် ပန်းလှိုင်တံတားချဉ်းကပ်လမ်း၊ ပန်းလှိုင် တံတားနှင့် BOC လမ်းဆုံကြား အရှည်ပေ ၃၁၆၈ ပေရှိ လမ်း ဝဲ/ယာအား Excavator ဖြင့် လမ်းတိုးချဲ့ခြင်း၊ AG Mixer ယာဉ်ဖြင့် ကွန်ကရိလောင်းခြင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)