၈ ဇွန်

 

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လှိုင်းအသစ်များ ထပ်မံဖြစ်ပေါ်လာသော်လည်း စီးပွားရေး လုပ်ငန်းများကို ဆက်ထိန်းထားရန်အတွက် ရွေးချယ်စရာ မရှိကြောင်း အီရန်အစိုးရက ပြောကြားခဲ့သည်။ 

 

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့ အတွင်းက ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၃၅၇၄ ဉီးရှိပြီး ကူးစက်မှုမှာ စံချိန်တွင် မြင့်တက်လာခဲ့စဉ် အဆိုပါ မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

 

အီရန်နိုင်ငံတွင် တနင်္ဂနွေနေ့အတွင်း ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၁၇၁၇၈၉ အထိရှိခဲ့ပြီး အရှေ့အလယ်ပိုင်း ဒေသတွင် အမြင့်ဆုံးဖြစ်ပြီး တူရကီနိုင်ငံထက် ကူးစက်ခံရသူဉီးရေ ပိုများနေခဲ့သည်။

 

စနေနေ့ အတွင်းက တိုင်းပြည်၏ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ လည်ပတ်နေပြီး ကူးစက်ရောဂါများကို ကာကွယ်ရန်နှင့် စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ရန်အတွက် သေချာစွာ ဆောင်ရွက်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောကြားခဲ့သည်။

 

၎င်း၏ မှတ်ချက် စကားများသည် အစိုးရ အနေဖြင့် စီးပွားရေး လုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ပြန်လည်ထားရှိရန် ဆိုလိုခြင်းဖြစ်သည်။

 

အမေရိကန်ပြည်‌ထောင်စုသည် အီရန်နိုင်ငံ၏ ရေနံစိမ်း တင်ပို့မှုကို ပိတ်ပင်ထားသောကြောင့် အီရန်နိုင်ငံတွင် ငွေကြေးဖောင်းဖွမှုနှုန်း ၃၀ ရာခိုင်နှုန်း မြင့်တက်လာပြီး အဆိုပါဒဏ်ကို   အီရန်နိုင်ငံ အနေဖြင့် ရင်ဆိုင်နေရကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

 

အစောပိုင်း ကာလများတွင် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့မှုနှင့်အတူ အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ မတ်လတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းခဲ့ပြီဖြစ်သည်။

 

အစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းများကို ဧပြီလအတွင်းက ပြန်လည်စတင်ရန် ခွင့်ပြုခဲ့သော်လည်း မေလထဲတွင် ရောဂါကူးစက်မှုနှုန်းများမှာ ပြန်လည်မြင့်တက်လာခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

1