ဖလမ်း  ၂၀ ဧပြီ   

 

ဖလမ်းမြို့၊ အမှတ် (၁၀၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး ယနေ့ နံနက်ပိုင်းက ဖလမ်းမြို့၊ ထီးရိပ်လမ်းဆုံ၌ နှာခေါင်းစည်း ( Mask ) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

ဖလမ်းမြို့၊ အမှတ် (၁၀၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲအုပ် စည်သူဆွေ ဦးဆောင်သော တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖလမ်းမြို့၊ လမ်းဆုံထီးရိပ်ရှေ့တွင် သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်း ( Mask ) အခု(၁၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

 

ဂျွန်( ပြန်/ဆက် )