ဖလမ်း ၁၅ ဧပြီ
ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုကာကွယ်နိုင်ရေး ဖလမ်းမြို့ စည်ပင်သာယာ ရေးဈေးအတွင်း ဈေးရောင်းဝယ်မှု အချိန်အား ဧပြီ ၁၅ ရက်နေ့ကစပြီး ကန့်သတ်ထားကြောင်း သိရသည်။
ဖလမ်းမြို့ စည်ပင်သာယာရေးဈေးအတွင်း ယာဉ်သွားလာမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်ပြီးစစ်ဆေးပြီး ဈေးသွားလမ်းပေါ်တွင် ဆိုင်ကယ်နှင့် မော်တော်ကားများ ရပ်နားပြီး လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယာဉ်ဝင်/ထွက်သွားလာ ခွင့်ပိတ်ပင်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
အလားတူ စည်ပင်သာယာရေးဈေးအတွင်း ဈေးသည်များနှင့် ဈေးဝယ်သူများအား နှာခေါင်းစည်း( Mask )တပ်ပြီး ဈေးရောင်း ဈေးဝယ်ပြုလုပ်ကြရန် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဖလမ်းမြို့စည်ပင် သာယာရေးဈေးအတွင်း ဈေးရောင်းချိန်ကို ဧပြီလ ၁၅ ရက်နေ့မှစ၍ နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီထိသာ ရောင်းခွင့်ပြုပြီး ဈေးအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေး ဈေးသည်များအား တစ်ရက်ခြားဖြင့် အလှည့်ကျ ဈေးရောင်းရန် သတ်မှတ်ထားကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)