မြိုင်  ၂၃  နိုဝင်ဘာ

           

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ညွှန်ကြားချက်များနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီအချိန်က မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

 

mdn

 

ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင် များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားခဲ့ရာ ယခုအခါတွင် Stay at Home သတ်မှတ်ထားခြင်း မရှိသည့် မြိုင်မြို့ရှိ စားသောက်ဆိုင်များအား နိုဝင်ဘာလကုန်တွင် ပြန်လည် ဖွင့်လှစ်ခွင့်ရရှိရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသာမောင်မောင်အေး၊ မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာဈေးကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

မြို့နယ် ပြန်/ဆက်