နေပြည်တော်    မေ

ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရှာဖွေရာတွင် တပ်မတော်ရှိ COBAS 6800 စက်နှစ်လုံးကိုပါ အသုံးပြုသွားမည်ဖြစ်ကြောင်း ယနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော် အမှတ်() တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)ရှိ COBAS 6800 စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရန်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ နေပြည်တော်ကောင်စီနှင့် ထိစပ်နေသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ Community Based Facility Quarantine မှာ ထားရှိသူများကိုလည်းကောင်း၊ ရန်ကုန်မြို့ အမှတ်()တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)ရှိ COBAS 6800 စက်ဖြင့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ Community Based Facility Quarantine ဝင်ရောက်နေသည့် ရွှေ့ပြောင်းအလုပ်သမားများကို လည်းကောင်း လိုအပ်ပါက စမ်းသပ်စစ်ဆေးရန် သတ်မှတ်ထားကြောင်း  ဖော်ပြထားသည်။

COBAS 6800 စက်သည် Fully Automatic System ဖြစ်သည့်အတွက် တစ်ရက်လျှင် လူဦးရေ ၁၄၀၀  ခန့်အတွက် စမ်းသပ်စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး စက်ကိုင်တွယ်သူများကို ရောဂါပိုး ကူးစက်နိုင်မှု ရာခိုင်နှုန်းနည်းပါးပြီး အမြန်ဆုံး၊ အများဆုံးနှင့် အမှန်ကန်ဆုံးစစ်ဆေး ပေးနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဧပြီ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ထက်လျှံ