နောင်ချို ဇွန် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလျက်ရှိရာ နောင်ချိုမြို့မဈေးနှင့် ကျေးလက်ဈေးများကို ဇွန် ၂၃ ရက်မှ စတင်၍ ယာယီပိတ်ထားလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ဇွန် ၁၉ ရက်မှ ၂၂ ရက်အထိ ရောဂါပိုးတွေ့ရှိသူ များပြားလျက်ရှိရာ ရောဂါ တားဆီးကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နောင်ချိုမြို့နယ် စည်ပင်သာယာရေးဌာန၏ ကွပ်ကဲမှုအောက်ရှိ နောင်ချိုမြို့မဈေးကြီးနှင့် ကျေးလက်ဈေးများဖြစ်သည့် ဘန့်ဘွေးဈေး၊ ဟိုခိုဈေး၊ သုံးဆယ်ဈေး၊ တောင်းခမ်းဈေး၊ ကံကြီးဈေးများကို ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ယာယီပိတ်ထားမည်ဖြစ်သည်။ ထို့ပြင် ဈေးများရှိ ဈေးပတ်လမ်း၏ လက်ဝဲ/လက်ယာ တစ်လျှောက်နှင့် ဈေးအနီးရှိ ကိုယ်ပိုင်နေအိမ်များတွင် ဖွင့်လှစ်ထားရှိသော ဆိုင်များ၏ မျက်နှာစာအရှေ့တွင် ပျံကျဈေးဆိုင်ဖွင့်လှစ်ခြင်း၊ ရွေ့လျားစနစ်ဖြင့် ရောင်းချခြင်းများကိုလည်း ခွင့်မပြုကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)


