နေပြည်တော် ၁၄ အောက်တိုဘာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေး အဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီးများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုး အားဖြည့်ဆောင်ရွက်ရေး အဖွဲ့ဝင် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာထင်အောင်စော၊ ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်နှင့်  ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာ စည်သူအောင်တို့က ပြည်သူများ သိရှိလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်