နေပြည်တော် ၉ နိုဝင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို စက်တင်ဘာ ၂၉ ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
နိုဝင်ဘာ(၁၀)ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအားဖြည့် ဆောင်ရွက်နိုင်ရေးအဖွဲ့ဝင် ကျန်းမာရေးပညာရှင်ကြီး များနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကျန်းမာရေးပညာရှင်များဖြစ်သည့် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်၊ ခေတ္တညွှန်ကြားရေးမှူးချူပ် (အငြိမ်းစား) ဒေါက်တာ သန်းဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်နှင့် ကူးစက်ရောဂါဗေဒသုတေသနဌာနခွဲ၊ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်)၊ တာဝန်ခံ ၊ National COVID-19 Call Centre ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲမှူး ဒေါက်တာမျိုးမျိုးမွန်တို့က ပြည်သူများ သိရှိမေးမြန်းလိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


