နေပြည်တော်၊ ၄ ဇန်နဝါရီ
ပြန်ကြားရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေ ၆ နာရီ ခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျက်ရှိသည်။
ဇန်နဝါရီ ၅ ရက် ညနေတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပညာရှင်များ ဖြစ်ကြသည့် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး (ဆေးပညာ) ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ ဖြစ်ကြသည့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမင်း နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ကျော်တို့က ပြည်သူများ သိရှိမေးမြန်း လိုသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်းသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားချက်များကို ဆက်လက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


