ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် အောက်ဆီဂျင်စက် ၀ယ်ယူရန်နှင့် ကာကွယ်ရေးသုံး ပစ္စည်းများ၀ယ်ယူရန် အလှူငွေများလှူဒါန်း

mdn

ပင်လောင်း  သြဂုတ်   ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးအတွက် လိုအပ်သော အောက်ဆီဂျင်စက်၀ယ်ယူရန်နှင့်ကာကွယ် ရေးသုံးပစ္စည်းများ၀ယ်ယူရန်အတွက်အလှူငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။

 

သြဂုတ် ၁ ရက်တွင် ပင်လောင်းမြို့နေ ဒေါက်တာမင်းအာကာစိုးခိုင် (ဟိန်းသွားဆေးခန်)မှ ငွေကျပ် တစ်သိန်း၊ပင်လောင်းမြို့အရှေ့ရပ်ကွက် ဒေါ်နန်းထွေးနုမှ ငွေကျပ် ၅၀၀၀၀၊ အရှေ့ရပ်ကွက် ဒေါ်နန်းအေး မြတ်သီတာ မိသားစုမှ ငွေကျပ် ၂၀၀၀၀၊ပင်လောင်းမြို့ နမ့်ပါရွာ ဒေါ်နန်းဆိုင်မောမိသားစု ငွေကျပ် တစ်သိန်း၊ အောင်ရင်ရင်မိသားစုမှ ဒုတိယအကြိမ် ငွေကျပ် သုံးသိန်း၊ ပင်လောင်းမြို့ ချောင်ခြားရွာအ.မ.က ဒေါ်တင်တင်ရီမှ ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ ရင်မှီးရပ်ကွက် မူနှင်းရီ၊ ခွန်တက်တိုးမှ ငွေကျပ် ၁၅၀၀၀၀၊ ရင်းမှီးရပ်ကွက်မှ ခွန်ဇော်လွင်-ဒေါ်နန်းခင်ထွေး မိသားစု ငွေကျပ် တစ်သိန်း၊ ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဦးသိန်းမောင်+ ဒေါ်ခမ်းဗို မိသားစု ငွေကျပ် နှစ်သိန်း၊မင်္ဂလာကွက်သစ်ရပ်ကွက်ဦးဆန်းထွန်းကျော်+ ဒေါ်စပယ်ဦး မိသားစု ငွေကျပ်တစ်သိန်း၊မင်္ဂလာကွက်သစ်ရပ်ကွက် ကိုနိုင်နိုင်း+မယဥ်ယဥ်ဦး မိသားစု ငွေကျပ် တစ်သိန်း၊မင်္ဂလာကွက်သစ်ရပ်ကွက် ဒေါ်စိန်ဖြူ မိသားစု ငွေကျပ်တစ်သိန်းတို့ကို ပင်လောင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့လာရောက်လှူဒါန်းကြသည်။

 

ဇူလိုင်၃၁ ရက်တွင်ပင်လောင်းမြို့အရှေ့ရပ်ကွက်နေ  ဦးတင်မျိုးအောင်+ ဒေါ်၀င်း၀င်းသော်မိသားစုမှ ငွေကျပ် တစ်သိန်း၊ပင်လောင်းမြို့ ဝါးလီးရွာမိတ်သဟာအဖွဲ့ (ထိုင်းနိုင်ငံရောက်)မှ ငွေကျပ် လေးသိန်း၊ ပင်လောင်းမြို့ရင်းမှီး ရပ်ကွက်နေ ဦးတင်၀င်း+ ဒေါ်လှ၀င်း မိသားစု ငွေကျပ် တစ်သိန်း၊ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက် ဒေါ်နန်းတင်စိန် မိသားစု ငွေကျပ် နှစ်သိန်း၊မင်္ဂလာကွက်သစ်ရပ်ကွက် ဦးတင်ဇော်၀င်း+ ဒေါ်အွမ်ခမ်း မိသားစု ငွေကျပ် တစ်သိန်း တို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့  လာရောက်လှူဒါန်းခဲ့ကြ ကြောင်းသိရသည်။

 

   မြို့နယ်(ပြန်/ဆက်)