ပင်လောင်း  ဇူလိုင်   ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် အလှူရှင်များက လာရောက်လှူဒါန်းကြကြောင်း သိရသည်။

ပင်လောင်းမြို့ ရုံးဝင်းရပ်ကွက်နေ ဦးကိုဦး + ဒေါ်သောင်းရီ မိသားစု၊ ဦးခွန်မြတ်လင်း+ နန်းသီရိခိုင်မိသားစု (မိုးရွှေဆိုင်)၊ ပင်လောင်းမြို့ အရှေ့ရပ်ကွက်နေ ဆရာမဒေါ်တင်တင်စိန်၊ ပင်လောင်းမြို့ အနောက်ရပ်ကွက်နေ ဦးဘတင်ဆေးဆိုင် မိသားစု နှင့် ပင်လောင်းမြို့နယ် ထီဗွာရွာနေ ဒေါ်ပိလန်တို့က ငွေကျပ် ၉၀၁၀၀၀ တန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော ပစ္စည်းများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၈ ရက်တွင် ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်နေ ဦးထွက်ဘဲ မိသားစုမှ ငွေကျပ် ၉၃၀၀၀၀ တန်ဖိုးရှိ အောက်စီဂျင်စက်တစ်လုံး နှင့် ဒေါ်အေးမြင့်မိသားစု(ခမ်းယံရွှေဆိုင်)မှ ငွေကျပ် ၁၀ သိန်း တန်ဖိုးရှိ အောက်စီဂျင်စက်တစ်လုံးတို့ကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ပေးအပ်လှူဒါန်းခဲ့ပြီး တီကျစ်တိုက်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး အတွက် ဘက်စုံသုံးစွဲရန် ဧဒင်စွမ်းအင်သဘာဝအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မိသားစုမှ ငွေကျပ်သိန်းတစ်ရာကို လာရောက် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

ပင်လောင်း(ပြန်/ဆက်)