နေပြည်တော် ဒီဇင်ဘာ ၁၃

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကိုလေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် မြဝတီကုန်သွယ်ရေး ဇုန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ ကုမ္ပဏီ ငါးခု၊ ယာဉ်စီးရေ ၁၂ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် တန် ၂၀ ၊ အောက်ဆီဂျင် (အိုးခွံ) ၂၃၈ ခု၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၆၀ တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရှိရသည်။

 

mdn

 

 

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။

 

သတင်းစဉ်