နေပြည်တော် ဒီဇင်ဘာ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးည ီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့မှ ကုမ္ပဏီ(၃) ခု၊ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၁)စီးဖြင့် တန် (၂၀) နှင့် နှာခေါင်းစည်း (Mask) (၂၆) တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့်ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)