ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် မေ ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ နှစ်ခု၊ ယာဉ်စီးရေ သုံးစီးဖြင့်နှာခေါင်းစည်း Mask  ၁၀ တန်နှင့် PPE ဝတ်စုံ ၂၈၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 

သတင်းစဉ်