နေပြည်တော် ဒီဇင်ဘာ ၂

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန် သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများ၊ ချင်းရွှေဟော်၊ ကျိုင်းတုံ ကုန်သွယ်ရေးစခန်းများနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့မှ ကုမ္ပဏီ(၅)ခု၊ ယာဉ်စီးရေ (၈)စီးဖြင့် အောက်စီဂျင်အရည် (Bowser)ယာဉ် (၁)စီးဖြင့် တန် (၂၀) ၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၅၁၄) ခုနှင့် နှာခေါင်းစည်း (Mask) (၃၂) တန်တို့ကို တင်သွင်းခဲ့ပြီး အောက်ဆီဂျင်အရည်(Bowser)ယာဉ်(၁)စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကို လည်းအများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။

(သတင်းစဉ်)