တောင်သာ ၁၆ ဧပြီ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို နေ့မအား ညမနား တာဝန်ယူဆောင်ရွက်လျက်ရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ထောက်ပံ့ပေးအပ်သည့် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထပ်ဆင့်ပေးအပ်ပွဲကိုဧပြီ ၁၆ ရက် နံနက် ၁၁ နာရီခွဲက တောင်သာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခြေခံ စားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထပ်ဆင့်ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ထောက်ပံ့ရေးပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်သည့် ဝန်ထမ်းတစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကုလားပဲ(၅၀)ကျပ်သား၊ ခေါက်ဆွဲခြောက်ထုပ်(၁၀)ထုပ်၊ မုန့်(၂)
ထုပ်၊ ကော်ဖီမစ်(၅)ထုပ်နှင့် နှာခေါင်းစည်း(Mask)(၃၀)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အရာထမ်း၊အမှုထမ်း(၁၁၁)ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)