လွိုင်ကော်၊ ၂၂ ဇန်နဝါရီ
ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဝယ်ယူရန်အတွက် ရွှေကန္ဒရဝတီ ပညာရေးဖောင်ဒေးရှင်း တာဝန်ရှိသူများက အလှူငွေကျပ်သိန်း ၁၀ဝ ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ခေတ္တဝန်ကြီးချုပ်ရုံးခန်း၌ လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကယားပြည်နယ်ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကို နှင့် ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအံ့မော်တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)