ရန်ကုန်၊ ၃၀ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူငွေ လှူဒါန်းခြင်းကို ဇန်နဝါရီ ၃၀ ရက်၊ နံနက် ၁၀ နာရီက သာကေတမြို့နယ်၊ (၁၀၈)တောင်စေတီတော် ဝင်းအတွင်းရှိ ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ခွဲ၌ ကျန်းမာရေးလမ်းညွှန် ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းခြင်းကို ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဦးဝိဇယ အားအမှူးထားပြီး ရဟန်းသံဃာတော်များ၊ (၇)ရက် သား၊ သမီးများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် (၆)သိန်း(၈)သောင်းကို (၁၀၈)တောင်စေတီတော် ဂေါပကအဖွဲ့ဥက္ကဌ ဦးသိန်းရွှေမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းထံပေးအပ်လှူဒါန်းရာ ဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ကိုဘုန်း(ပြန်/ဆက်)


