ရန်ကုန် ၂၀ မေ

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် လိုအပ်သည်များ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်စေရန် အင်းစိန်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် PPE ဝတ်စုံများနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အင်းစိန်(GTI)စားရိပ်သာခန်းမတွင် လှူဒါန်းခဲ့သည်။

 

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများသုံးစွဲနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဦးတင်မောင်ထွန်းမှ အင်းစိန်မြို့နယ် ကန္နားအနောက် ရပ်ကွက်ရှိ အခြေခံလက်လုပ်လက်စား ပြည်သူ ၈၀ ဦးအား အခြေခံစားသောက်ကုန်များ လှူဒါန်းပြီးနောက် အင်းစိန်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန်အတွက် PPE ဝတ်စုံ ၁၀ စုံ၊ နှာခေါင်းစည်း အခု ၄၀၀ နှင့် အရက်ပျံ ၁ ဘူးတို့ကို လှူဒါန်းရာ အင်းစိန်မြို့နယ် Corona virus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ မေစန်းချိုနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အင်းစိန်မြို့နယ်၊Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)